Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်မှ ၉ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်မှ ၉ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်ကွဲနှင့် ပိုးလုံးအိမ်များ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၂၇၂၉၈၈ ဒဿမ ၅၈ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏမှာ ၁၆၆၆၆၆  ဒဿမ ၆၇ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ  ၄၃၉၆၅၅ ဒဿမ ၂၅ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ချုပ်ပြီးအဝတ်အထည်များ၊ ချည်ထည်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ဓါတ်မြေဩဇာများ၊ အပ်ချည်ကြိုးများ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်းများ၊ ဘတ္တရီအခြောက်များနှင့် သံပိုက်များ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၄၄၆၀၅၅ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၂၄၅၉၉၆ ဒဿမ ၄၀ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၆၉၂၀၅၁ ဒဿမ ၄၀  တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၂၉ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၃ ဒဿမ ၉၅ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News